Saturday, September 30, 2006

တောင်တက်မှတ်တမ်း..


ကျနော်တခါတုန်းက ထမင်း၂နပ်အငတ်ခံပြီးဝယ်ထားတဲ့ဖလင်နဲ့ ရိုက်ထားတဲ့ပုံများထဲက အချို့ပါ.. ပြန်ကြည့်တော့ တန်တယ်လို့ခံစားရပါတယ်.. ခရီးထွက်တာ အိတ်ပေါက်ပိုက်ဆံပျောက်.. ကိုယ်ကိုယ်တိုင်မသိဘဲ လက်ကျန်ပိုက်ဆံနဲ့ ဖလင်ဝယ် ရိုက်နေတာ.. နောက် ထမင်း ၃နပ်ကို တနပ် က အစ်ကိုကြီးတစ်ယောက် ကျွေးလို့စားလိုက်ရတယ်.. ကျန်တဲ့ ၂နပ်မှာ တနပ်က ပရိုဗီမင်နဲ့ ပြီးတယ်.. ကျန်တဲ့တနပ်ကတော့ အောင့်ခံခဲ့တယ်.. နေရာကတော့ မောင့်ဗစ်တိုးရီးယား. ၀ိတိုရိယတောင် မင်းတပ်.. ချင်းပြည်နယ် .. ကျနော်ဖလင်ဖိုးချည်း တစ်သောင်းခွဲကျော်ကုန်သွားပါတယ်.. ကျနော့်ပုံသိပ်မပါပါဘူး.. ကျနော်ရိုက်တာဆိုတော့လေ.. သူငယ်ချင်းပုံတွေနဲ့ ရှုခင်းပုံတွေချည်းဘဲ.. လှတယ်.. ပြန်ကြည့်တိုင်းလွမ်းမိတယ်.. အရင်တုန်းက ငယ်ဘ၀ကို..

သူငယ်ချင်းတွေ အကုန်လုံး.. သူ့ဟာကိုယ့်ဟာ.. သူနဲ့ကိုယ်မခွဲခြားဘဲ အတူတောင်တက်ခဲ့တုန်းကပေါ့... ကိုယ့်အိပ်ယာကိုယ်သယ် ... စောင်တွေ အိပ်ယာခင်းတွေ.. ခွက်တွေ.. ရေဘူးတွေ.. ဆေးနဲ့ စားစရာနဲနဲရယ်ဘဲသယ်ရတာ...

ရိက္ခာကတော့ သယ်ပေးတဲ့သူတွေရှိတယ်.. တောင်တက် လမ်းပြ.. အကူပေါ့..

သူတို့ကိုလည်းကျေးဇူးတင်ပါတယ်..သူတို့သာ မကူခဲ့ရင် ကျနော် ဘယ်လိုမှ တောင်ထိပ်ရောက်မှာမဟုတ်ပါ..

ချင်းမလေးတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ်..

မပြန်ခင် ပွဲလေးနဲ့ နှုတ်ဆက်လို့.. အားလုံး ခေါင်ရည်သောက်ပြီး ကခဲ့ကြတယ်.. ကျနော်ကတော့ မသောက်ခဲ့ပါ.. ကတော့ကခဲ့ပါတယ်..

အမှန်တော့ ကျနော့်နဲ့ တဖွဲ့တည်းပါတဲ့ သွားဘက်ဆိုင်ရာ ဆေးတက်ကသိုလ်က ဆရာတွေရဲ့ အခမဲ့ကုသပေးမှုကို ကျေးဇူးတင်လို့လုပ်တာနဲ့တူပါတယ်... ကျနော်တို့က ကြားထဲက အမြတ်ထွက်တာပေါ့..

ဆေးတက်ကသိုလ်ဝင်ပြီး ငွေမလုံလောက်လို့ နာ့စ်လုပ်တဲ့ ချင်းမလေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ်..

ဒါကတော့ ဒုတိယအန်ဂယ်ကရိုက်တာပါ..

ကင်မရာကတော့ အော်တို ၃၅ အမ်အမ်နဲ့ ဖလင်က အိမ်ပြန်ကြည့်မှသိမှာပါ..

ကျနော်တော်တော်ဝေးဝေးကို လျှောက်ပြီးမှထပ်ရိုက်တာပါ.. ဘယ်ဟာအရင်လဲတော့မသိပါဘူး..

တောင် ခါးပတ်လမ်းမှာ လျှောက်နေတာပါ.. အမြင့်ပေ ဘယ်လောက်လဲတော့မသိတော့ပါ.. တိမ်တွေကိုယ့်အောက်မှာရှိတဲ့ခံစားချက်.. တိမ်တွေကို ပင်လယ်လိုမြင်ရတာတွေ သိပ်ကို ခံစားလို့ကောင်းပါတယ်.. တောင်ယာခုတ်ပြီးမီးရှို့တဲ့ တောင်ကြားတွေ ဖြတ်လျောက်ရင်တော့ အသက်ရှူကြပ်လို့သေနိုင်ပါတယ်...

နေရာက ချင်းပြည် မင်းတပ်မြို့ နှင့် ၀ိတိုရိယတောင် ကြား.. အချိန်က ဒီဇင်ဘာပါ....

ရိက္ခာချက်ရင်း သစ်ပင်မီးစွဲတာ.. တောမီးလောင်တယ်ထင်လို့ မေးကြည့်တော့ ဒါက ပုံမှန်ဘဲတဲ့.. သစ်ပင်မှာပေါက်နေတဲ့ရေညှိတွေ ခြောက်နေတာ.. အခုလောင်တာ ရေညှိတွေတဲ့.. ရေညှိခြောက်တွေကုန်ရင် ရပ်သွားမယ်တဲ့.. လှတယ်နော်... သစ်ပင်၎ပင်လောက်ကို ဆက်တိုက်လောင်တာ.. ချမ်းနေတော့လည်းနွေးနွေးလေးဖြစ်သွားတာပေါ့...

ရေနွေးကို ကျွတ်ကျွတ်အိတ်နဲ့ တည်တာ ကို အဲ့ဒီ့မှာတွေ့ရတယ်.. တကယ့်ကို အသုံးချ သိပ္ပံကို ပိုင်နိုင်သူတွေဘဲ...

0 Comments:

Post a Comment

<< Home