Tuesday, September 26, 2006

ဒီနေ့စားပွဲ

ဒီနေ့စားပွဲ က western park 2 မှာ လုပ်တယ်..

ဝိုင်းလေးဝိုင်းခင်းတယ်.. ကျနော်က ကလေးဝိုင်းမှာ..
စစချင်း ဘဲကင်နဲ့ စတယ်..
နောက် ၀က်သားလေး ကောင်လုံးကင်..
နောက် ပုစွန် ကို ငှက်ကလေးပုံစံလုပ်ထားတာ.. တောင်ပံကို မှိုနဲ့ လုပ်ထားတယ်.. အမြီးကို နှုတ်သီး လုပ်ထားတယ်.. လှတယ် စားမကောင်း..
ဘဲသားဟင်းရည်..
ငါးမြီး..
မန်ထိုနဲ့ ၀က်သား(၀က်သားလေး ကောင်လုံးကင် က အခေါက်ဘဲ စားတော့.. ကျန်တဲ့အသားနဲ့ ချက်ထားတာ..)
နောက် မမှတ်မိတော့ဘူး..
ငှက်သိုက်ပါတယ်..
ခေါက်ဆွဲကြော်ပါတယ်..
အသီးမှာ ထောပတ်သီးကို ပူတင်းလိုလုပ်.. အောက်က သင်္ဘောသီး ဂျယ်ရီ နဲ့ .. ဘေးမှာ သင်္ဘောသိးနဲ့ ဖရဲသီးလုံးလေးတွေ..

ပြောချင်တာ ခုမှ စတယ်..

ကျနော့် ဦးလေး(အဖေရဲ့ညီ)ရဲ့ သမီး ကျနော့် ညီမ တစ်ဝမ်းကွဲ.. ဒီနေ့ပြင်ထားတာ သိပ်လှတယ်.. အပြာရောင်အင်္ကျီလေးနဲ့..
နောက်ကျနော်နဲ့ ၃တန်းတုန်းက အတန်းတူတဲ့ သူ့အစ်ကို နဲ့ တွေ့တယ်.. အားလုံးခင်ခင်မင်မင်ဘဲ ပြောကြဆိုကြ နောက်ကြ ပြောင်ကြနဲ့ပေါ့..
သီချင်းဆိုတဲ့သူတွေ သိပ်ညံ့တယ်.. ယိုးဒယား သီချင်း ၂ပုဒ်တောင်ဆိုတယ်.. အဲ့ဒါနဲ့ သတိထားကြည့်တော့ ဟိုးဘက်မှာ အခြားဝိုင်းတွေရှိတာ တွေ့ရတယ်.. ယိုးဒယားတွေနဲ့ တူတယ်...သူတို့မှာလည်း ၆၀ိုင်းလောက်ရှိမယ်.. နောက် မီးတွေမှိတ်.. ဟက်ပီးဘက်ဒေးသီချင်းဆိုတယ်.. အဲ့ဒါမှ မွေးနေ့လာလုပ်တာမှန်းသိရတယ်..

ခဏကြာတော့ ကျနော် ဦးလေး (နံပါတ်၃ အဒေါ်ရဲ့ ယောက်ျား) က စင်ပေါ်တက် သီချင်းဆိုတယ်.. I need your love နဲ့ နောက်တပုဒ် ကျနော်မေ့သွားပြီ.. (ရှေးခေတ် သီချင်းကောင်းလေးဘဲ) အဒေါ်နံပါတ် ၃ နဲ့ နံပါတ်၂ တက်ကတယ်.. ကျနော့်အဖေပါ တက်ကဲတယ်..

သူဆိုလည်းပြီးရော ကျနော့်ညီမ တစ်ဝမ်းကွဲကတက်ဆိုတယ်.. ရှောင်ဆာကျို အိစမ်း.. 'ဘ၀ကို ပျော်ရွှင်စွာ နဲ့ အနှောင်အတွယ်မဲ့ ကုန်ဆုံးလိုက်ပါ' ဆိုတဲ့သီချင်းပေါ့.. အရက်သမားတွေ .. ရည်းစားကွဲသူတွေ.. အဘွားကြီးတွေ သိပ်ကြိုက်တဲ့ သီချင်းပေါ့.. (မူရင် အဆိုတော်က ယောက်ျားလေး. မိန်းမ အသံနဲ့ ဆိုထားတာ.. နောက်သူက တရုတ်ရှေးဟောင်းဇာတ်မှာ မိန်းမ အနေနဲ့ကတယ်.. )
သူဆိုနေတုန်းမှာ ဟိုယိုးဒယားလို့ ထင်တဲ့သူတွေ ကြည့်ကွက်ကြည့်ကွက်ဖြစ်လာတယ်.. သီချင်းကလည်းကောင်း .. ညီမလေးကလည်းချောဆိုတော့ သူတို့တတွေ ကြည့်ကြတာ မဆန်းပါဘူး.. သူဆိုလည်းပြီးရော ဦးလေးရဲ့သူငယ်ချင်းက Take me home, Country Roadသီချင်းတက်ဆိုတယ်..

ဟိုဘက်ဝိုင်းက မနေနိုင်တော့ဘူး.. အဘွားကြီးတစ်ယောက်ထလာတယ်.. ဂျပန်သီချင်းလိုလို တရုတ်ဒေသ စကားနဲ့ ဆိုတဲ့သီချင်းလိုလို ၁ပုဒ်ဆိုတယ်.. ကျနော်နားမလည်ဘူး.. ကျနော်တောင်အံ့သြသွားတယ်.. သူတို့ ယိုးဒယားမဟုတ်ဘူးလားလို့..

နောက်ဆိုနေတုန်းမှာ ကျနော်က ဘေးက ညီတစ်ဝမ်းကွဲကို လှမ်းပြောလိုက်တယ်.. မင်းဆိုချင်ရင် ကြိုဦးထား.. စင်လုရတော့မယ်လို့..
သူက ရီတယ်.. နောက် အဘွားကြီးဆိုလို့အပြီးမှာ ခုနက ဦးလေးသူငယ်ချင်းထပ်တက်တယ်.. ဒါပေမယ့် အော်ဂင်တီးတဲ့သူနဲ့ စကားပြောပြီးတော့ ခပ်တည်တည်ဆင်းလာတယ်.. အဘွားကြီးနောက်တစ်ယောက်တက်သွားတယ်..

တကယ်ဘဲ စင်လုနေရတယ်... ကျနော်က ငါမပြောဘူးလားဆိုတဲ့ မျက်နှာနဲ့ ညီလေး ၀မ်းကွဲကိုလှမ်းကြည့်လိုက်တယ်..

ဒီတခါဆိုတာတော့ ဂျပန်သီချင်း.. တရုတ် ဆိုထားတာလည်းရှိတဲ့သီချင်းဆိုတယ်.. သေချာ မကြားရလို့ ဘယ်ဘာသာနဲ့ ဆိုမှန်းမသိဘူး..
သူတို့တွေက ဂျပန်တိုးရစ် လား.. မသိ.. ထိုင်းလားမသိ.. ယောင်ဝါးဝါးဖြစ်သွားတယ်..

ကျနော့်ညီမလေးကို ၃၇နှစ် ရှိတဲ့ ပီအိတ်ချ ဒီ နဲ့ စပ်ပေးနေကြတယ်.. အမေရိကန်ကလေ.. အဒေါ် နံပါတ်၂က နဲနဲ အပြစ်တင်ချင်တယ်.. ကျနော်ကတော့ ထင်မြင်ချက်မပေးဘူး.. သူပြောတာ နဲနဲ လွန်လာတော့ ကျနော်ကပြောလိုက်တယ်.. တကယ်ယူတော့မှာလည်းမဟုတ်.. ယူရင်လည်း သူတို့ကိစ်စဘဲ.. အားလုံးကောင်းမှာဘဲဟာ..

နောက် ကျနော့် နံပါတ်၎ အဒေါ် က နားပန်းစံ သီချင်းနဲ့ တက်ကတယ်.. နံပါတ်၃ အဒေါ်ပါပါတယ်.. လှတယ်.. နဲနဲဝပေမယ့် ကတာ လှကြတယ်.. နံပါတ်၃ အဒေါ်က နံပါတ်၂ အဒေါ်ရဲ့ သမီး ကျနော့် ညီမ တစ်ဝမ်းကွဲကို ခေါ်တယ်.. သူက လည်းတက်ချင်နေတာဆိုတော့ အပြေးတက်သွားတယ်..
ကျနော့်အဒေါ် တွေသနားပါတယ်.. စင်ပေါ်မှာ တူမလေးနဲ့ အလှပြိုင်သလိုဖြစ်နေတော့ အမှတ်တအားကျသွားတာပေါ့.. လက်ဝှေ့ထိုးတာတောင် ၀ိတ်တန်းရှိတယ်လေ.. အခုဟာက ဟဲဗီးဝိတ်နဲ့ လိုက်ဝိတ် ထိုးနေရသလိုဘဲ.. ဟဲဟဲ.. သူတို့က ဟဲဗီးဝိတ်ပါ..

အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားကြတယ်.. ကျနော်က အဖေ့ကိုပြောတယ်..ပါပါး မရှိရင်.. (သူက နောက် ၃လလောက်ဆို အဒေါ်နံပါတ်၃ခေါ်လို့ အမေရိကန်လိုက်သွားမှာလေ..)ယန်မျိုးနွယ်တွေ ရန်ကုန်မှာ ဒီ၃ယောက်ဘဲကျန်တော့မှာ... စုတီတောင်ကို ကျနော်နဲ့ ၀မ်းကွဲ ညီနဲ့ အစ်ကို ၃ယောက်ကို အသင်းဝင်လုပ်ခိုင်းမလို့.. ပြောလိုက်တယ်..

ဗိုလ်ကြီးတစ်ယောက်လည်းတက်ဆိုတယ်.. သူလည်းစင်ပေါ်တက်ရော ညီဝမ်းကွဲက ဒီလူကြီး ကေတီဗီ တော်တော်ထိုင်ပုံရတယ်တဲ့ သီချင်းတက်ဆိုနေပြီတဲ့..

နောက် ခဏနေတော့ အားလုံးပြန်ကြတယ်..

ဟာသ တစ်ခုပြောရအုံးမယ်.. မျက်ရည်ဗူးသီးလောက်ကျတယ်ဆိုတဲ့ ဖိုရမ်ထဲက အသုံးကို ဟိုမှာပြန်သုံးမိတာ.. အစ်ကိုတ၀မ်းကွဲက ရှူးဆိုပြီးလုပ်တယ်.. ပြီးတော့ ကျနော့် ဦးလေး တ၀မ်းကွဲကို လက်ညှိုးထိုးပြတယ်. .. ဟုတ်တယ်ဗျ.. သူ့နံမည်က ဗူးသီးတဲ့.. အားလုံး ခေါ်ကြတာ..ကတော့ ဗူးသီးကျိပ်ကျိပ်တဲ့..

0 Comments:

Post a Comment

<< Home