Tuesday, September 26, 2006

ဒီနေ့ စားပွဲရှိတယ်..

ဒီနေ့ စားပွဲ ရှိတယ်..
ဒီနေ့ စားပွဲရှိတယ်..
ကျနော့်အဒေါ်ကျွေးမှာ.. သူက အမေရိကန်ကလာလည်တာလေ.. တရုတ်ပြည်ကိုဝင်ပြီးတော့မှ မြန်မာနိုင်ငံကိုလာတာ.. ကျနော်ကတောင် ရီပြီးပြောလိုက်သေးတယ်.. ထိုင်းကိုသာဝင်ခဲ့ရင် အခုဆိုဒုက်ခရောက်ပြီလို့..

ဘယ်မှာကျွေးမလဲမသိဘူး.. ပြီးခဲ့တဲ့ ၂ရက်တုန်းကတော့ ညီမ၀မ်းကွဲ မွေးနေ့ ကျွေးတယ်.. ဆုံးသွားတဲ့ အဖေ့ညီရဲ့ သမီးပေါ့.. ကရ၀ိတ်မှာကျွေးတာ..

စားလို့သိပ်မကောင်းဘူးဗျာ.. ပုံမှန်လို့တော့ ပြောလို့ရပါတယ်.. ဒါပေမယ့် ကျနော့်အတွက်အရမ်းတန်တယ်.. တလောက လာသွားတဲ့ တရုတ်ယဉ်ကျေးမှု အဖွဲ့ သိကြတယ်မဟုတ်လား.. အဲ့ဒီ့ညမှာဘဲ သူတို့ကို ကရ၀ိတ်မှာကျွေးတယ်.. တော်တော်ချောကြတယ်.. ဖြူဖြူ ဖွေးဖွေးတွေချည်းဘဲ.. လှလည်းလှကြတယ်.. အရပ်က ၆ပေ လောက်တွေချည်းဘဲ.. ဒါကတော့စိတ်နည်းနည်းလေတယ်..

ကျနော်စားတောင် သိပ်မစားနိုင်ဘူး.. သူတို့ဆီကိဘဲ မျက်လုံးရောက်နေတာလေ...

သူတို့တတွေ ကရ၀ိတ်က ဖျော်ဖြေမှုတွေကို ဗီဒီယိုရိုက် ဓါတ်ပုံရိုက်ကြတယ်.. ဘီယာတွေသောက် ကြနဲ့.. အချင်းချင်း ဓါတ်ပုံရိုက်ကြနဲ့ပေါ့..

သူတို့အကြိုက်ဆုံးက မောင်ရွှေရိုးအကဘဲ.. စစချင်း ယောက်ျားလေးအက ကတုန်းက တော်တော်ကောင်းတယ်.. အားလည်းအားပေးကြတယ်.. ကျနော်ကတောင် မြန်မာရိုးရာအကမှာ ဒီလိုဟာသအက ရှိလို့ဂုဏ်ယူမိတယ်..

နောက် ကောင်မလေးတစ်ယောက်ထွက်လာတယ်.. နံမည်ကျနော်မသိဘူး.. သူလည်းဝင်ကရော.. အကထက် ဖင်ချင်းတိုက်နေတာဘဲပိုများတယ်.. သူတို့က အားပေးကြတယ်.. မူးနေတာရောပါမလား.. ဒါမှမဟုတ်တကယ်ဘဲသဘောကျတာလား.. အသည်းယားတာလား ကျနော်လည်းမသိဘူး.. ကျနော်သိတာကတော့ ဂုဏ်လည်းယူတယ်.. ရှက်လည်းရှက်တယ်.. အနုပညာ နားလည်တဲ့သူတစ်ယောက်မဟုတ်တော့ ဘယ်လိုပြောရမလဲမသိဘူး.. ကထိန်မှာ ဒီလိုဖင်ချင်းတိုက်တဲ့အက မရှိဘူးထင်တာဘဲ.. ကျနော်ရေကြည့်တာ.. အနဲဆုံး ၃ခါတိုက်တယ်.. တစ်ခါက မှီရင်းနဲ့ ရှောင်သွားလို့ လိမ့်ကျတာရယ်..


ဘူဖေးဆိုပေမယ့် ကျနော် ၁ပွဲဘဲစားခဲ့တယ်.. ဟင်းချို ၁ခွက်သောက်တယ်.. ရေခဲမုန့် ၁ဇွန်း စားတယ်.. ပြီးတော့ မစားတော့ဘူး.. ထိုင်နေတယ်..

အနောက်ဘက်က နိုင်ငံခြားသားတွေ ဆေးလိပ်သောက်ကြတယ်ဗျာ.. ကျနော်စဉ်းစားတယ်.. သူတို့ တွေ ကိုဆေးလိပ် ဆေးရွက်ကြီးဥပဒေအရ ဖမ်းရင် ဘယ်ထောင်ပို့မလဲဆိုတာရယ် ဖမ်းမဖမ်းရယ် တော်တော်ဆုံးဖြတ်ရခက်လိမ့်မယ်...

ကျနော်မွှန်တာနဲ့ အိမ်သာ ထသွားတယ်.. ပြန်လာတော့လည်း မွှန်နေတုန်းဘဲ.. ဒါနဲ့ အပြင်ထွက် တယ်.. အ၀င်ဝက သစ်သားရုပ်တွေကိုလိုက်ကြည့်တယ်.. အရပ်မျက်နှာ နတ်သား သစ်သားရုပ်တွေရဲ့ လက်ကို သံနဲ့ ရိုက်ပြီးဆက်ထားတာ.. သံတွေတောင်ပေါ်နေပြီးဟနေတယ်.. အ၀င်ဝက နဂါးရုပ်ကို ကနုကမာနဲ့ လုပ်ထားတာ သိပ်လှတယ်.. ဒါပေမယ့်အနီးကပ်လည်းကြည့်လိုက်ရော.. ပါးစပ်ထဲကိုနီအောင် မီးထွန်းဖို့ လုပ်ထားတဲ့ ၀ါယာကြိုးတွေပေါ်နေတယ်..

ကျနော်ပြန်ဝင်လာတယ်.. ခန်းမအ၀မှာဘဲ အဖြူကောင်တွေ ဆေးလိပ်သောက်နေတုန်းတွေ့ရတယ်.. ဒါပေမယ့် စင်ပေါ်မှာ တူးပို့တူးပို့ ကနေပြီ...
တရုတ်မလေးတွေက မနေ့ကဘဲသင်ထားတယ်ဆိုတဲ့ အကနဲ့ တက်ကကြတယ်.. တော်တော့်ကိုလှတယ်..အရပ်ကတော့ ၃ပုံ၁ပုံလောက်ကိုကွာတယ်.. ဖြူဖြူဖွေးဖွေးလေးတွေ.. စကပ်အတိုနဲ့ ဂျင်းအတိုနဲ့.. ကနေကြတယ်.. မြန်မာ အကရဲ့ ခြေကွက်လှပမှုကို အခုမှသေချာတွေ့ရတော့တယ်.. လက်ပြတ်တွေချည်းဝတ်ထားလို့ လက်ကလေးတွေကလည်း ဖြူဖွေးနေကြတယ်.. သူတို့လက် အသိမ်းက ကတဲ့ မြန်မာမလေးတွေထက် ပိုလှနေတယ်..
ယောက်ျားလေးတွေပါစင်ပေါ်တက် ပြီး ဓါတ်ပုံရိုက် ဗီဒီယိုရိုက်ကြတယ်..

ပြီးလည်းပြီးရော အားလုံ လက်ခုပ်တီးကြတယ်... ကျနော်က အကျယ်ဆုံးတီးမိမယ်ထင်တယ်.. အဲ့ဒီ့နေ့က ပျော်ဖို့ကောင်းတယ်..

0 Comments:

Post a Comment

<< Home