Tuesday, September 26, 2006

ခွေးဆရာကြီး..

ဆရာကြီးလုပ်ရတဲ့ အရသာ ကိုခံစားဖူးကြလား…. မဆိုးဘူးဗျ..

ဒါကြောင့် ဆရာကြီးလုပ်ချင်တဲ့သူတွေသိပ်များကြတာပေါ့.. ကိုယ့်အားကိုးနဲ့ မိုက်တဲ့သူရှိတယ်ဆိုတဲ့ ခံစားချက်လည်း မဆိုးဘူးဗျ…

လွန်ခဲ့တဲ့ ၁ပတ်လောက်က အိမ်အောက်မှာ ခွေးတသိုက်ရောက်လာတယ်.. စုစုပေါင်း ၅ကောင်၆ကောင် လောက်ရှိမယ်ထင်တယ်.. ခွေးခပ်ငယ်ငယ်တစ်ကောင်တောင် ပါသေးတယ်.. အိမ်အောက်မှာ နေတာဆိုတော့ အိမ်ကလူတွေကို ရိုရိုသေသေပေါ့.. ကိုယ့်တို့ အ၀င်အထွက်ဆိုရင် အမြှီးနှံ့ နှံ့ နဲ့.. ကျနော့် သော့အသံ ကြားတာနဲ့  ၀ိုင်းလာကြတာပေါ့..

ကျနော်က သိပ်ဂရုမစိုက်ပါဘူး…

ကျနော်ည ရုံးကိုသွားတယ်.. သိပ်မဝေးတော့ လမ်းလျှောက်ဘဲ သွားတယ်.. အဲ့ဒီ့မှာ သူတို့က ဖော်ရွှေလွှန်ပြီးတော့ လိုက်ပို့တယ်ဗျာ.. ကျနော် က မသိချင်ယောင် ဆောင်ပြီးဆက်လျှောက်တယ်.. ဒါနဲ့ လမ်းထိပ်ရောက်လာတယ်.. သူတို့ ပြန်သွားမယ်ထင်နေတာ.. သူတို့က မပြန်ဘဲ ကျနော့်ကိုကြည့်ကွက် ကြည့်ကွက်လုပ်နေတယ်.. ကျနော်ကားလမ်းလည်းကူးရော သူတို့လည်းလိုက်ကူးတယ်.. အဲ့ဒီ့အချိန် ည ဖြစ်နေတော့ ကားရှင်းနေတယ်.. သူတို့လည်း လိုက်လာခဲ့တယ်.. ခွေးထီးတစ်ကောင်ဆိုရင် ရှူရှူး ခဏ ခဏ ပေါက်တယ်.. ဟိုနားပေါက်လိုက်ဒီနားပေါက်လိုက်နဲ့.. လမ်းမှတ်တယ်ပေါ့လေ.. ကျနော်စဉ်းစားမိတယ်.. ခွေးခေါင်းဆောင်လုပ်ချင်ရင် ရှူရှူး တော်တော်များရမယ်.. ဒါမှ မဟုတ် ရှူရှူးလွယ်ရမယ်ဗျ..

အချို့ကောင်တွေဆို ကျနော့်ထက် နဲနဲပိုမြန်မြန်သွားတယ်.. လမ်းဆုံ လမ်းခွရောက်ရင် ရပ်ပြီးစောင့်နေတယ်.. လူကူးတံတားရှိတော့ အချို့ အကောင်တွေ တံတားပေါ်တောင်တက်သွားတယ်။ ပြီးတော့ပြန်ဆင်းလာတယ်..။ ဆက်လိုက်တာဘဲ..

ကျနောခပ်တည်တည်နဲ့ လမ်းလျှောက်နေရင်း သူတို့ကို အားနာလာတယ်.. ကျနော့်ကို ဆရာတင်ပြီးလိုက်လာတာလေ.. ကျနော်က ပြန်မပို့နိုင်ဘူးဗျ… အဲ့ဒါနဲ့ ပြန်ခိုင်းဖို့ ဟောက်တယ်.. လက်ညိုးနဲ့ ပြန်ဖို့ ညွှန်ပြတယ်. ဒါပေမယ့် ကျနော်က ခွေးစကားမတတ်ဘူးဗျ.. ဘယ်လိုမှမတတ်နိုင်ဘူး.. လုပ်ချင်တာ လုပ်နေတာလေ.. ကျနော်နဲနဲပိုတတ်ဖို့ ကြိုးစားရအုံးမယ်..


ဒါနဲ့ ကျနော်ရပ်ရင် လိုက်ရပ်တယ်.. ကျနော်သွားရင် လိုက်သွားတယ်..


ခဏလည်းသွားလိုက်ရော.. နောက်ထပ်ခွေးအုပ်စု တစ်စုနဲ့ တွေ့တယ်.. အဲ့ဒီ့နားမှာ အမှိုက်ပုံရှိတာကိုး.. အဲ့ဒီ့ခွေးတွေက ၄..၅ ကောင်လောက် ရှိမယ်.. သူတို့ က သူတို့စားကျက်လာလု မှာစိုးလို့ ဟောင်တယ်..ဗျ..

ကျနော့် အကောင်တွေကလည်းဘာရမလဲ.. ကျနော်အားကိုးနဲ့ပြန်ဟောင်တာပေါ့.. အချို့ဆို အနားတောင် ကပ်သွားပြီးကိုက်မလို့လုပ်တယ်ဗျာ.. အဲ့ဒီ့ခွေးတွေကလည်းကျနော့်ကိုကြောက်တယ်ဗျ… မကိုက်ရဲဘူး.. ထွက်ပြေးတယ်.. ငါကွဆိုပြီး ပီတိတောင်ဖြစ်မိတယ်.. ပတ်ပတ်လည်မှာ တပည့်တပန်းတွေနဲ့ပေါ့ဗျာ.. ငါ့ထက်ကြီးတာ ရှိသေးလားပေါ့...


ဒါနဲ့ဘဲ ကျနော့်ကိုယ် ကျနော်တောင် မသိဘဲ ကျနော်ခွေးခေါင်းဆောင်ဖြစ်သွားတယ်ဗျာ..


ကျနော်ရုံးရောက်သွားတော့ အမြန်ဘဲ အပေါ်ပြေးတက်.. တံခါးပိတ်.. ပြီး ကွန်ပြူတာဖွင့်ပြီး ဂိန်းထိုင်ဆော့နေတော့တာဘဲ.. ခဏအကြာ ပြတင်းပေါက်က ချောင်းကြည့်တော့ သူတို့တတွေမရှိတော့ဘူးဆိုမှ သက်ပြင်းချမိတယ်..


မြန်မာပြည်မှာ ခွေးခေါင်းဆောင်ရှိတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့ ဗျာ… ကျနော်ရှက်လို့ပါ… (ရှူး.. ဆိုးတော့မဆိုးဘူးဗျ..)

4 Comments:

Blogger ဒီးဒုတ် said...

nothing but excellent

8:52 AM  
Blogger Mr. White said...

thanks.. for your support..

12:43 AM  
Anonymous Anonymous said...

Nice :D

9:13 PM  
Blogger doublep said...

good..:P

4:41 PM  

Post a Comment

<< Home