Tuesday, September 26, 2006

ကျနော့်အိုင်ဒီယာလေးများ ၁

ကျနော့်အိုင်ဒီယာလေးပါ


နိုင်ငံတကာသွားရောင်းဖို့ကျတော့ အတွေ့အကြုံကြွယ်သူ အစ်ကိုကြီးအစ်မကြီးများကူညီနိုင်ရင်တော့ကူညီပေးပါအုံး..

အလကားယူသုံးချင်တယ်ဆိုရင်လည်း..ခရက်ဒစ်လေးပေးရင်ရပါတယ်..

စစချင်း..ကျနော့်ရဲ့ wiperless wiper or internal wiper ဆိုတာလေးကိုပြောပြပါ့မယ်..

မာစီးဒီးသို့ ကားကောင်းတွေရဲ့ ဘေးကြည့်မှန်တွေမှာ ၀ိုင်ဘာသေးသေးလေးတွေ့မိကြပါမယ်..

အဲဒါလေးကို ကျနော်က အဆင့်မြှင့်တဲ့ အိုင်ဒီယာလေးပါ..

ဝိုင်ဘာရှိရင် မျက်စိရုပ်တယ်ဗျ.. ဘေးကြည့်မှန်လိုသေးသေးလေးမှာ ဆိုပိုဆိုးတယ်... နဂိုကတည်းက သေးသေးလေးဘဲမြင်ရတာလေ..

အဲ့ဒါကို ကျနော်က တိပ်.. ပလတ်စတစ်ဖြစ်ချင်ဖြစ်မယ်.. အခြား ပလတ်စတစ်အကြည် သို့ reflective မှန်လို အရောင်ပြန်နိုင်ရင်လည်းရတယ်.. ကို နောက်ကြည့်မှန်ရှေ့မှာထားမယ်..

အဲ့ဒီ့တိပ်ကို မော်တာလေးနဲ့လည်စေမယ်.. (အပေါ်အောက်ပိုကောင်းမယ်ထင်တယ်..)အပြင်ဘက် သွားလည်းရတယ်..
နောက်ကြည့်မှန်ခွက်ထဲမှာ ၀ိုင်ဘာထည့်ထားမယ်.. သို့ရေစုပ်တဲ့ဟာ တစ်ခုခု ထည့်ထားမယ်..
အမှန်က ရေသုတ်တာပါ.. ဒရိုင်ယာ လည်းထည့်လို့ရတယ်.. လည်တဲ့
နှုန်းကို လည်း ပြင်လို့ရမယ်.. ဒါဆို အဆင့်မြင့်ကားရဲ့
ဘေးကြည့်မှန်စနစ်သစ်ဖြစ်လာပြီပေါ့..

အဲ့ဒါကို ကားထဲက နောက်ကြည့်မှန် လေးကိုလည်းသုံးလို့ရတယ်.. ရေငွေ့မရိုက်တော့ဘူးပေါ့..

အဲ့ဒီ့စနစ်က မှန်သေးရင် ပိုကောင်းမယ်ထင်တယ်. ကြီးရင် တော့ လည်ရတာ ခက်လိမ့်မယ်.. စမ်းကြည့်ဖို့မဖြစ်နိုင်တာ စိတ်မကောင်းပါ..

0 Comments:

Post a Comment

<< Home