Tuesday, September 26, 2006

ကျနော့်အိုင်ဒီယာလေးများ ၂

နောက်တစ်ခု စဉ်းစားထားတာကတော့...
ဖုန်းထဲက နေ သီချင်းဆိုပြဖို့ပါ..
ဘက်ဂရောင်းအသံထည့်ဖို့လေ.. ဘက်ဂရောင်းအသံနဲ့ ကိုယ်အသံနဲ့ ရောပြီး ဖုန်းကနေ နားထောင်သူဆီ ဖုန်းဆက်သလိုပို့ပေးမှာ...

အခုဖုန်းတွေမှာ.. လက်ရှိက

ကိုယ်က တစ်ခုခု ကို အသံသွင်းထားလို့ ရတယ်..
ပြန်နားထောင်လို့ရတယ်..

ဒါပေမယ့် ကိုယ်နားထောင်တာကို သူများကို ပေးနားထောင်လို့မရဘူး..(ဖုန်းဆက်ရင်း) ဖိုင်အနေနဲ့ ပို့လို့တော့ရတယ်..

ရှုပ်သွားလား...

ကျနော် ငှက် ကလေး အသံ ကို ကူးထားတယ်.. အဲ့ဒီ့ငှက်ကလေးအသံကို ဖိုင်အနေနဲ့ မပို့ဘဲ အသံအနေနဲ့ သူများဆီ ပို့လို့ မရသေးဘူး.. ကျနော်စကားပြောတာ ငှက်လေးက ဘေးက အော်နေသလိုပေါ့...

အဓိက ဖန်ရှင်ကတော့ ကာရာအိုကေပေါ့ဗျာ.. နောက်ခံတီးလုံးနဲ့ ကောင်မလေး စိတ်ညစ်နေတဲ့အချိန်မှာ သီချင်းဆိုပြလို့ရတာပေါ့.. နောက်ခံတီးလုံးရော ကျနော့်အသံကိုပါ ကောင်မလေးကြားနိုင်မယ်လေ...

ကျနော့်စဉ်းစားတာက.. ကိုယ်က ဆိုမယ်.. အသံကို ဖုန်းပြောနေတဲ့သူကြားမယ်.. ကိုယ်က ဘက်ဂရောင်းအသံ(သီချင်း)ဖွင့်ထားမယ်..
ကိုယ်နဲ့ ဖုန်းပြောနေတဲ့သူကြားမယ်..
အမှန်က စပီကာ သေးသေးလေး တစ်ခုကို ဖုန်းမိုက် အနားမှာ ထားလိုက်တာပါဘဲ..
ကိုယ့်အသံရော.. အခြားအသံပါ.. တဘက် က တပြိုင်တည်းကြားနိုင်မှာလေ... လွယ်လွယ်လေးပါ.. စပီကာ ၂ သို့ ၃ခုနဲ့ မိုက် ၁ခုပေါ့...
ကိုယ်နားထောင်ဖို့ စပီကာ တစ်ခု.. စပီကာ၁
ရင်းတုန်း အတွက် စပီကာ တစ်ခု.. စပီကာ၂
ဘက်ဂရောင်းအတွက် မိုက်နားက စပီကာ တစ်ခု.. စပီကာ၃
မိုက်တစ်ခု...
ဒါလေးပါဘဲ...
သီချင်းဖွင့်ပြီးတော့ စပီကာ ၂ရွေးရင် ကက်ဆက်နားထောင်တာ..
သီချင်းဖွင့်ပြီးတော့ စပီကာ ၃ရွေးရင် တဘက်သူက နားထောင်တာ..

အိုင်ဒီယာက လိမ်တဲ့နေရာမှာလည်းသုံးလို့ရတယ်..
ဥပမာ ရုပ်ရှင်ရုံအိမ်သာထဲကနေ.. စားသောက်ဆိုင်အသံနဲ့ ထမင်းဆိုင်မှာ ဧည့်သည်နဲ့ စကားပြောနေသလိုလို.. ရှော့ပင်ထွက်နေသလိုလို အသံထည့်ပြီး ပြန်ဖွင့်မလို့...

ဟဲဟဲ.. ပိုင်တယ်ဟုတ်..

0 Comments:

Post a Comment

<< Home