Sunday, December 03, 2006

ကျနော်မန်းတလေးကို ည ၈နာရီလောက်က ရောက်တယ်.. မနက်၅နာရီကျော်က စထွက်တာ..

ညနေချည်းဘဲ ကားစီးဖူးတာ.. မပင်ပန်းဘူးဆိုပေမယ့် ပင်ပန်းတယ်.. မနက် စီးတော့ တော်တော့်ကို
သက်သာတယ်..

ဟိုင်းဝေး ရန်ကုန်မန်းတလေး ကို ပထမဆုံး နေ့မှာ သွားဖူးတာဘဲ.. အချို့အပိုင်းတွေ တော်တော်
ကောင်းတယ်.. အချို့ အပိုင်းတွေ တော်တော်ဆိုးတယ်.. သတိထားမိသလောက် ကမ်ဘောဇ
လမ်းပိုင်းနဲ့ .. အိုလံပစ် (အခုတော့ သူတို့ဘဲ ကုမ်ပဏီ နံမည်ပြောင်းလုပ်တယ်ကြားတယ်..)

တခါတည်း စိတ်ထဲက တွေးနေတာက သူတို့တွေ လမ်ပြင်မပြီးသေးဘဲ ပိုက်ဆံကောက်တာကိုပါ..

လမ်းတလျှောက်မှာ ဖွင့်စရာ ကက်ဆက်ကို လည်းကြည့်ရော.. မာမာအေး.. ဦးသုခရဲ့
ဘ၀သံသရာ(တစ်ခွေလုံး တစ်ပုဒ်တည်း) ပြည်လှဖေ..ဒေါ်မေရှင်.. ဒွေး ..(ထွန်းလင်းခွင့်ပေးပါ)
မီမီဝင်းဖေ(ခေတ်ဟောင်းသီချင်း) ဟေမာနေ၀င်း (ခေတ်ဟောင်းသီချင်း) သုမောင်နဲ့
မိန်းကလေးအဆိုတော်တွေ တွဲဆိုထားတဲ့ သီချင်းတွေ ..ဒါတွေဘဲ အားပေးစရာရှိတယ်..

ကားပေါ်မှာမနက် ၈နာရီအထိ အိပ်လျက်အားပေးလာတယ်..

နောက်တော့ဟိုပြောဒီပြောပေါ့.. ဘေးက မြို့နာမည်တွေ ကိုသေချာကြည့်လာခဲ့တယ်..
(ခင်တိုရွာလား.. ခင်တို့ရွာလားမသိဘူးရှိတယ်..

ရွာသာရွာလည်းရှိတယ်.. အောင်ကြီးစီနီမာလည်းရှိတယ်..

လမ်းမှာကော်ဖီသောက်ဖို့ဆင်းတယ်.. (မြို့နာမည်မေ့သွားပြီ..) ဆိုင်က နွားနို့ပူပူလေးရောင်းတယ်.. ၁ယောက် နွားနို့.. ၁ယောက်ကလက်ဘက်ရည်+နွားနို့.. ကျနော်က ကယ်လစမ် ကွေကာ ပလပ်စ် ကိုသောက်တယ်.. (မဆိုးဘူး..နွားနို့နံ့ ညှီတာလေးဘဲ)

လမ်းမှာဓါတ်ဆီဆိုင်တိုင်း မှာ ၂ဂါလံဝင်ထည့်ခဲ့တယ်.. စုစုပေါင်းလေးဆိုင်ရှိတယ်ပြောတယ်.. ရန်ကုန်မန်းတလေး အသွားအပြန် ၁၄ဂါလံလောက်ကုန်တယ်တဲ့.. (အင်းလောက်သားဘဲလို့ တွေးမိတယ်..) (အသွားအပြန် တလအတွင်း ၂ခါထည့်ခွင့်ရှိတယ်.. ရက်မတွက်ပါ)

နောက်သွားရင်းနဲ့ လမ်းမှာ ဘာမှ မစားဖြစ်ဘူး.. ကားမောင်းတဲ့ အသိက ပြောပြမယ်.. သူဂျီးများတဲ့အကြောင်းပေါ့.. ဟိုတခေါက် သူမန်းတလေးလာတာ.. ဗိုက်ဆာတာ စားမလို့
လုပ်တာ ဆိုင်ထဲ လူနည်းလို့ ဂျီးများရင်း ကျော်သွားတယ်တဲ့.. နောက်ဆိုင်ရွေးရင်းနဲ့ ရရာဆိုင်စားမယ်လဲလုပ်ရော အဲ့ဒီ့ဆိုင်က မီးတောင်မမွှေးရသေးလို့ ဆက်သွားတာ..တောင်ငူရောက်မှဘဲ နေ့လည်စာ စားဖြစ်တယ်တဲ့..

ကျနော်တို့ ၁နာရီ ကျော်လောက်မှာ ပျဉ်းမနား မြို့ရှောင်လမ်း မရောက်ခင်လေးက ကြက်သားကာလသား
ချက်ဆိုင်မှာ စားဖြစ်တယ်.. တော်တော်ကောင်းတယ်ဗျ..

ကာလသားချက်ဆိုပေမယ့် ဆိုင်မှာ ကောင်မလေးတွေချည်းဘဲ.. ကြက်သားဟင်း ၁မျိုးဘဲ.. အချိုအစပ် ရှိပေမယ့်
အစပ်ဆိုတာ အချိုထဲ ငရုတ်သီးကို ရခိုင်မုန့်တီလို ထည့်ထားတာ.ဗိုက်ဘဲဆာလို့လားမသိ.. အတော့်ကိုစားကောင်းတယ်.. ထမင်း ၂ပန်းကန်ကုန်တော့မှ စကားနဲနဲပြောရင်း သတိထားမိတာက ကြက်သားက ပြုတ်ထားတာ.. ၃ရက်လောက်ရှိပြီ...အတော့်ကို နူးနေတယ်.. (အိမ်မှာ အဘွား မကြာမကြာ ကြက်သားပြုတ်ပြန်နွေးတာ သူက သွားမကောင်းလို့ အဲ့လိုနွှေးပြီးမှ သူစားလို့ရတယ်လို့စိတ်ထဲစွဲနေတယ်..
အဲ့ဒီ့အနံ့ ကို သူမှတ်ထားတယ်.. (သူက မျက်စိလည်းမကောင်း နားလည်းမကောင်းပါ)

ကျနော်လည်းအဲ့ဒီ့အနံ့ကို မှတ်မိတယ်.. (မယုံရင် ကြက်သားကို ဒီအတိုင်း ၃ရက်လောက် ပြုတ်လိုက်... အဲ့ဒီ့အနံ့နဲ့ အသားအခြေအနေကို ခင်ဗျားတို့သိလိမ့်မယ်..

စားရင်းပြောဖြစ်တယ်..ပြောရင်းရီဖြစ်တယ်.. စားတာတော့ ဆက်စားတာဘဲ.. ထမင်း ၄ပန်းကန်
(ကျနော်တယောက်တည်း) ဟင်း ၄ခါဖြည့်.. အရိုးတောင်လိုပုံ.. ပြောဖြစ်တဲ့အကြောင်းအရာက
သူများစားလို့ကျန်တာ သူတို့ သွန်ပစ်မသွန်ပစ် (ဟင်းနဲနဲ လျော့သွားတာနဲ့
လာဖြည့်ပေးတာ) နဲ့ ကျနော်တို့အခုစားနေတာ သူများအကျန် ပြန်နွှေးဟုတ်မဟုတ်.. သို့သော်
အရသာက ကျနော်တို့ကို အစားမရပ်စေနိုင်ခဲ့ပါ..

ပြီးတော့ အိမ်သာ တက်ဖြစ်တယ်.. အိမ်သာ ကလည်းသန့်ရှင်းတယ်.. အိမ်သာဘေးမှာ
ကြက်တွေမွေးထားတယ်.. အကောင် ၅၀လောက်ရှိမယ်.. ထင်းတွေလည်းအများကြီးဘဲ..

စားပြီးတော့ ဒရိုင်ဘာချိန်းတယ်.. ကျနော်နဲ့ သူငယ်ချင်း ရှေ့ခန်းရောက်သွားတယ်..
ကိုသက်(အသိ) က နောက်မှာ သွားအိပ်တယ်.. ခဏလေးနဲ့အိပ်ပျော်သွားတယ်..

ကျနော်နဲ့ ကို ရစ်ချ တို့ သီချင်းနားထောင်ချင်ပေမယ့် သီချင်းကြီး (အဘိုးကြီးသီချင်းဟု
စိတ်ထဲက ခေါ်ဖြစ်သည်) ကိုကြောက်လို့ မဖွင့်ဖြစ်ပါ.. သို့သော် ကျနော့်လို
နိုင်ငံကျော်အဆိုတော်တစ်ယောက်လုံးကားပေါ်ပါလာတာ.. ဘာထပ်ရှာနေအုံးမှာလည်း.. ဧရာဝတီမြစ်ကြီး
မြင်နေတော့မှ ဘာလို့ မူး လိုက်ရှာနေတော့မှာလည်း..

လေးဖြူသီချင်းနဲ့စတယ်..
အဝေးက ခေါ်သံလား.. ကိုယ်ကြားရက်နဲ့ မသိနိုင်..
နောက် အဲလက်စ်
ကလေးရယ်...

နောက်.. မ... ကျနော့်ဘ၀လေးဟာ... မ.. လက်ထဲမှာဘဲ...

နောက် ကိုင်ဇာ..
အင်းလေးမှာ ရွာတဲ့မိုး..
စိုင်းထီးဆိုင် မေမြို့မိုး..
ထူးအိမ်သင်
ကောင်းကင်က မြစ်တစ်စင်း.....
နောက် သူငယ်ချင်းပါဝင်ဆိုလာတယ်.. ၂နာရီလောက် ကိုဆက်တိုက်
အော်ဆိုခဲ့တယ်.. နောက်က အိပ်ပျော်နေတဲ့သူ နိုးလာတဲ့အထိပေါ့.. နောက်တော့ လမ်းက ဆိုင်တစ်ဆိုင်မှာ.. စိုင်းစိုင်းရဲ့ သူငယ်ချင်း.. ရယ် အမုန်းများစွာအတွက် (ဒါက ကျနော်ဝယ်တာ..) စိုင်းထီးဆိုင်ရဲ့ အကောင်းတကာ့အကောင်းဆုံး နံပါတ်
၃ရယ်ဝယ်ခဲ့တယ်..

မန်းတလေးအ၀င်နားက အိုလံပစ် ဂိတ်ကြေးကောက်တဲ့ ကောင်မလေး (တရုတ်မလေးနဲ့တူတယ်..
အသားဖြူဖြူ မျက်နှာ ရှင်းရှင်းနဲ့) ကိုစချင်လို့ ကားကိုဘေးတော်တော်ကပ်ရပ်တယ်.. သူက ပိုက်ဆံလက်လှမ်းယူတာ မမှီဘူးလေ.. အဆောင်ကကိုယ်တပိုင်းကျော်အောင်ထွက် သူငယ်ချင်းကလည်း တော်တော့်ကို ကမ်းပေးနဲ့၃ခါလောက်ကျိုးစားမှ အောင်မြင်သွားတယ်.. (အဟီး အပြန်ကျတော့ မတွေ့တော့ဘူး..) (အပြန်မှာကောက်တာက ဘဲကြီးဗျ)

ကျနော်မန်းတလေးကို ရောက်ရောက်ချင်းညက စအေးတယ်.. (သိပ်တော့ မအေးသေးဘူးပေါ့)

ရောက်ရောက်ချင်း ရေမိုးချိုး.. (ခေါင်းလျှော်ရည် တော်တော့်ကို ရှာဝယ်လိုက်ရတယ်..)
နောက် ညစာကို ရှမ်းမမ စားသောက်ဆိုင်ကိုသွားအားပေးခဲ့တယ်..ကြည့်ကွက်ကြည့်ကွက်နဲ့ ရီပြတဲ့ အစ်မကြီး တစ်ယောက်ကို တွေ့ခဲ့တယ်..