Monday, October 16, 2006

Sharing..

မီးလျှံမြေခွေး(ကော်ပီရိုက် ကိုလင်းဆက်) ရဲ့ အဓိက အားသာချက်က သူက ရွှံ့ တစ်တုံးလို ပုံစံပြောင်းရလွယ်လို့ရယ်.. ထပ်တိုးထားတဲ့ အိတ်စတန်းရှင်းတွေ သိပ်ကောင်း သိပ်များလို့ရယ်ပါ.. ဒီမှာတော့ လူအများက မတိုးကြပါဘူး…

ဒီနေ့ ကျနော် ရှောက်ဖွရင်းနဲ့ မော်ဇီလာ မီးလျှံမြေခွေးရဲ့ ပုံစံပြောင်းတဲ့ ပုံစံ(အရေခွံ) အသစ်တွေ.. တွေ့တယ်..

လှတယ်..

ဒါလေးက ဂျပန်ပုံစံ.. ခန်းကြီး တရုတ်စာလုံလေးတွေ တခါတခါပေါ်တယ်.. ရှင်းတယ်.. လှတယ်.. ခန့်တယ်.. စစချင်းတော့ တမျိုးဖြစ်လိမ့်မယ်.. မဆိုးပါဘူး..

https://addons.mozilla.org/firefox/3248/

ဒါကတော့ သကြားလုံးပုံစံပေါ့.. ရိုးရိုးလေးပါဘဲ.. မဆိုးပါဘူး.. လှပါတယ်..

https://addons.mozilla.org/firefox/1905/

ဒါကတော့ မီးလျှံမြေခွေးကို ပိုမြန်စေတဲ့ အက်အင်(အပိုတိုးတဲ့အစိတ်အပိုင်း) ပေါ့..

https://addons.mozilla.org/firefox/1269/

ဒါလေးကိုသွင်းပြီး ရင် tools ထဲက extensions ကိုရွေးပြီးရင် faster fox ကိုရွေးပြီးတော့ options ထဲမှာ ပြင်လို့ရပါတယ်..

ဒါလေးကတော့ သိပ်ကိုကောင်းတဲ့ extensions တစ်ခုပါဘဲ.. သူက အိုင်အီးကို မြေခွေးရဲ့ တပ်(၀င်းဒိုးတစ်ခု) အနေနဲ့ ဖွင့်ပေးတာပါ.. အိုင်အီးအများကြီးကို မြေခွေးအောက်မှာ ဖွင့်လို့ရတယ်ပေါ့ဗျာ..

https://addons.mozilla.org/firefox/1419/

ဒါလေးကတော့ ကိုလင်းဆက်ပြောပြီးသားပါ.. ဒေါင်းလုပ် မန်နေဂျာရှိရင် ဒီဟာ က အကောင်းဆုံးဘဲ.. သူက မန်နေဂျာကို လှမ်းခေါ်ပေးတာလေ..

https://addons.mozilla.org/firefox/220/

ဒါလေးကတော့ လုံခြုံရေးအတွက်ပါ.. မလိုအပ်ဘဲ ဂျာဗားတွေ အလုပ်မလုပ်အောင် ထိန်းတဲ့ဟာလေးပါ..

https://addons.mozilla.org/firefox/722/

ဒါကတော့ ဒေါင်းလုပ်မန်နေဂျာပေါ့… သူကိုကျနော် မသုံးကြည့်ရသေးပါဘူး…. ဒါပေမယ့် မဆိုးဘူးထင်ပါတယ်.. မန်နေဂျာ သက်သက် မသွင်းထားရင် စမ်းကြည့်ပေါ့..

https://addons.mozilla.org/firefox/201/

ဒါကတော့ ကျနော်သွင်းထားပါတယ်.. ဘလော့ဂါတွေအတွက် သိပ်ကောင်းပါတယ်.... ကိုယ်ကြိုက်တဲ့ ပေ့ခ်ျ ကို ရိုက်ကလစ်ထဲက perfromancing ထဲမှာ blog this page, page tools, bookmark အဲ့လိုရပါတယ်.. စမ်းကြည့်ပါ..

https://addons.mozilla.org/firefox/1730/

Saturday, October 14, 2006

Sharing

ကျနော့် သူငယ်ချင်းတွေအတွက် နဲနဲမျှလိုက်ပါတယ်..

http://www.1001freefonts.com/
့ဒါက ဖောင့်တွေဒေါင်းလုပ်လုပ်တဲ့နေရာပါ...

http://www.audiobooksforfree.com/screen_main.asp
့ဒါကတော့ အသံစာအုပ်တွေဒေါင်းလုပ်လုပ်တဲ့နေရာပါ..

အရောင်၏အယောင်

ကျနော်တွေ့ခဲ့တဲ့ အရောင်က အယောင်သာဖြစ်ပါသည်...

သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. ကျနော့်တွင်ကြိုက်သောအရောင်မရှိပါ.. ထို့ကြောင့် ကျနော်သည် အဖြူရောင် ကြိုက်သွားပါသည်..
ကျနော့်တွင် တစ်စုံတစ်ခုကို ကြိုက်နိုင်သော ရင်ဘတ် မရှိဟု ငယ်ငယ်ကတည်းက ယုံကြည်ခဲ့ပါသည်.. ထိုသို့ယုံကြည်သည့်အတိုင်းလည်း မကြိုက်ခဲ့ပါ.. ကျနော်အခုအဖြူရောင်ကို ကြိုက်သွားပါသည်..

သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. ကျနော်သည်စာကျေသူတစ်ဦးဖြစ်သည်.. နယူတန်က အဖြူရောင်တွင် သက်တံ့ရောင်များပေါင်းစပ်နေကြောင်း သက်သေပြခဲ့သည်.. ကျနော်သည်ဆရာမ စာသင်တုန်းက နယူတန်၏ သီအိုရီအားလုံးကို မေးခွန်းထုတ် သံသယ၀င်ခဲ့သော်လည်း.. အဖြူရောင်တွင် သက်တံရောင်စုံပါရှိသည်ကိုသံသယ မ၀င်ခဲ့ပါ.. သူမသည်အရောင်အားလုံးကို အစားထိုးနိုင်သူဖြစ်သည်.. ကျနော့်အတွက် အရောင်အားလုံးကို ကိုယ်စားပြုလေသည်.. ကျနော်အဖြူရောင်ကို ချစ်ပါသည်..

သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. အဖြူရောင်သည် မာနကြီးပါသည်.. ကျနော်သည် အဖြူကိုချစ်ခဲ့မိပါသည်.. သူ့၏မာနကိုချစ်ခဲ့မိပါသည်.. အဖြူ၏မာနသည် မည်သည့်အရောင်နှင့်မျှ မရောနှောခြင်းပင်ဖြစ်ပါသည်.. သူသည် ပြီးပြည့်စုံသောအရာဖြစ်ပြီး ကျနော်သည် အရာရာလိုအပ်နေသူတစ်ဦးဖြစ်သည်.. အဖြူ၏ ပြီးပြည့်စုံမှုကိုလိုအပ်နေသူတစ်ဦးဖြစ်သည်.. ကျနော်သည် အဖြူရောင်၏မာနရှေ့တွင်ဒူထောက်ခဲ့ရသူတစ်ဦးဖြစ်သည်...

သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. အဖြူရောင်သည် စိတ်ကူယဉ်မှုဖြစ်ပါသည်.. လူတစ်ယောက်ကိုပြာဝေစေပါသည်.. ကျနော်သည် အဖြူရောင်ကိုချစ်ပါသည်.. ထို့ကြောင့်ပြာဝေခဲ့ပါသည်.. သူငယ်ချင်းတစ်ယောက်၏ အမေးကို ကျနော်မှတ်မိပါသေးသည်.. သို့ရာတွင်ပြာဝေနေသောကျနော်သည် အမှားများကိုသာပြုခဲ့မိပါသည်.. ထိုအမှားမှာ အဖြူရောင်ကိုကိုးကွယ်မိခြင်းသာဖြစ်ပါသည်...

သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. ကျနော်သည် အဖြူရောင်ကိုအထင်ကြီးပါသည်.. အဖြူရောင်သည် လှပပါသည်.. အဖြူရောင်သည် မြင့်မြတ်ပါသည်.. ကျနော်ကိုးကွယ်ပါသည်.. ထိုသို့ မြင့်မြတ်သော ကိုးကွယ်ရသော အရာသည် ကျွန်တော်နှင့်မတန်ဟု သိလိုက်ရသောအခါ ကျနော်ငိုမိပါသည်.. မတန်သည့်အတွက်မဟုတ်ပါ.. မတန်မရာလုပ်ခဲ့မိသည့်အတွက်ဖြစ်ပါသည်... သူမသည် အဖြူရောင်ဖြစ်ပါသည်.. သူမသည် အဖြူရောင်ကိုကြိုက်သည်ဟုဆိုခဲ့ပါသည်.. အဖြူေ၇ာင်သည် တစ်ယောက်တည်းမနေနိုင်ပါ.. သူမ၏ဖြစ်တည်မှုတွင် အခြားတစ်စုံတစ်ခုပါမှသာ သူမကိုတည်ရှိစေမည်ဖြစ်သည်.. ကျနော်မှားသွားသည်..

ကျနော်သည်အဖြူကိုချစ်သောကြောင့်ကျနော်ကိုယ်တိုင်အဖြူနီးပါးဖြစ်လာသောအခါ ကျနော်သည် ပျောက်ဆုံးသွားလေသည်.. အဖြူရောင်သည် အရောင်များကိုထိန်းချုပ်နိုင်သော ပန်းချီဆရာလက်တွင်သာ တည်ရှိနိုင်မည်ကိုကျနော်မေ့သွားပါသည်..

အဖြူရောင်သည် ကျနော်နှင့်မတန်ပါ.. ကျနော်သည် အဖြူရောင်မိန်းကလေးကိုချစ်ခဲ့မိပါသည်.. ကိုးကွယ်ခဲ့ပါသည်.. သို့ရာတွင် ကျနော်သည် အရာရာရှုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့ပါသည်..

အဖြူရောင်သည် ကျနော်နှင့်မတန်ပါ.. ကျနော်သည် အဖြူရောင်မိန်းကလေးကိုချစ်ခဲ့မိပါသည်..
တန်ဖိုးထားခဲ့ပါသည်.. သို့ရာတွင် ကျနော်သည် ရာဖြတ်မှားသော ဘဏ်ကဲ့သို့ အပေါင်ဆုံးကိုလေလံတင်ရန် ပင် ပြန်လည်ကြောက်ရွံ့ နေပါသည်...

အဖြူရောင်သည် ကျနော်နှင့်မတန်ပါ.. ကျနော်သည် အဖြူရောင်မိန်းကလေးကိုချစ်ခဲ့မိပါသည်..
မြတ်နိုးခဲ့ပါသည်.. သို့ရာတွင် ကျနော်သည် စိုင်းထီးဆိုင် သီချင်းကို နားထောင်နေခဲ့ပါသည်.. မေမြို့မှာ မိုးခေါင်သံကြားဖူးသည်. ဖြစ်ပါသည်.. သီချင်းကို ငယ်ငယ်က နားမလည်ခဲ့သော်လည်း အခုနားလည်နေပါပြီ.. အဖြူရောင်ပြောခဲ့တဲ့ မင်းကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာ ကိုပြန်ကြားနေပါသည်..

အဆုံးသတ်မှာတော့ ကျနော်သည် ကျနော်နှင့်မတန်သော အဖြူရောင်ကိုချစ်ခဲ့မိပါသည်....ဟူသော သမိုင်းသာကျန်ရစ်ပါသည်.. သို့သော်ကျနော်သည် အဖြူရောင်ကို မမုန်းပါ.. ချစ်သောအရာကိုမုန်းရခြင်းသည် ဒုက္ခဖြစ်ကြောင်း ကျနော်ထပ်ဖြည့်လိုပါသည်..

ငယ်ငယ်က

၁တန်းမှာ ကျောင်းကားပျောက်ဖူးတယ်..

အမေက ကျောင်းလိုက်မပို့နိုင်လို့ ကျောင်းကားထားပေးတယ်.. ပေါင်မုန့်ကားအပြာလေး..
အဲ့ဒီ့ကားက ၂စီးရှိတယ်.. (ပြောပြရမယ်.. ကျနော်လူမှတ်တာ သိပ်ညံ့တာ.. အရင်ကရီးစားတောင်ဘယ်ပုံလဲ မသိတော့ဘူး.. သူများတွေ မျက်စိမှိတ်ရင် ပုံပေါ်တယ်..ကျနော်က ကြိုက်တုန်းကတောင် ပုံမပေါ်ဘူး.. စိတ်လေတယ်.. ရုပ်ကြည့်ကြိုက်တာမှ မဟုတ်တာလို့ စိတ်ထဲထားလိုက်ပါတယ်.. )

ကား၂စီးမှာ ဘယ်ကားက မြို့ထဲဆင်းလဲ ကျနော်မသိ.. လာခေါ်တော့ အဆင်ပြေတယ်.. အပြန်မှာ ကျနော် လူတစ်ယောက်ကိုမှတ်ထားတယ်... သူ့ ကျောပိုးအိတ်နဲ့ ခြင်းထောင်းနဲ့..(သူက အဆဲတော်လို့ ကျနော်မှတ်မိတယ်.. အဲ့ဒီ့တုန်းက အားကျဖူးတယ်.. တော်တော်ဆဲနိုင်တာ) အဲ့ဒါနဲ့ အဆင်ပြေနေတုန်းဘဲ..

အဲ့ဒီ့နေ့က သူကျောင်းမတက်ဘူး.. ကျောင်းက ၂စီးကလည်း အဝေးကြီးမှာရပ်တယ်.. ကျနော်ကလည်း ရှက်လို့ ကားဆရာကိုမမေးရဲဘူး.. ကား၂စီးကြားထဲ ဟိုသွားဒီသွားနဲ့.. နောက်တော့ ၂စီးလုံးဘယ်တုန်းကပျောက်သွားမှန်းမသိဘူး.. ကျနော်က သိတဲ့သူများရှိမလားလို့ရှာနေတာ.. နောက် အကြီးတန်းတွေက နောက်မှဆင်းတော့ ကျနော်ရှာရင်းနဲ့ပျောက်သွားတယ်..

ကျနော်ဆိုငိုမဲငိုမဲ့နဲ့ပေါ့.. အငယ်တန်းက ၄နာရီခွဲကတည်းကဆင်းတာ.. ကျနော် ၅နာရီခွဲလောက်ဆို တော်တော်စိတ်ဓါတ်ကျနေပြီ.. ကားတွေလည်းရှင်းနေပြီ.. ကျနော်လည်းငိုချင်နေပြီ..

အဲ့ဒီ့မှာ မော်တော်ပီကယ်..(အဲ့ဒီ့တစ်ယောက် က ကျနော် ၈တန်း ၁၀တန်းလောက်အထိတွေ့တယ်..) ဦးလေးကြီး အရမ်းသဘောကောင်းတယ်.. ကျနော့်ကို လိပ်စာမေးပြီး လေးဘီးပေါ်တင်ပေးလိုက်တယ်..
ကျနော် အဲ့ဒီ့ မော်တော်ပီကယ်ကို သိပ်ချစ်မိတယ်.. ကျနော်က သူကူညီတာကိုမှတ်မိတာကိုး... နောက်တော့မှ သိတယ်.. အမေက လေးဘီးဆရာကို ပိုက်ဆံပေးရတယ်တဲ့.. ကျနော်က မော်တော်ပီကယ်ပို့ခိုင်းလို့ အလကား ပို့ပေးတယ်မှတ်နေတာ... ဒါလည်းမဆိုးပါဘူး.. နောက်တော့ ကိုယ်တိုင်ဘက်စ်ကားစီးတတ်သွားတယ်.. ၂တန်းဆို ကိုယ့်ကိုယ်သွားပြန်လုပ်တယ်.. စာအုပ်တော်တော်လေးတယ်.. (ကျောင်းဖတ်စာအုပ် ၂စုံရှိရင် အလေးကြီးသယ်သွားသယ်လာ မလုပ်ရတော့ဘူး.. )

(ကလေးကို တက်ဆီငှားတတ်အောင်ငယ်ငယ်တည်းက သင်ပေးကြပါ..ငှားပြီးရင် အိမ်ကို ကားနံပါတ်နဲ့ဖုန်းဆက်အကြောင်းကြားတတ်အောင်ပါ သင်ပေးကြပေါ့..)

Sunday, October 08, 2006

ဒီနေ့အကင်ဆိုင်သွားတယ်..

ဒီနေ့အကင်ဆိုင်သွားတယ်..
သူငယ်ချင်း ၅ယောက်နဲ့ ပေါင်း ၆ယောက်ပေါ့...

သူငယ်ချင်းတစ်ယောက် ကောင်မလေးတစ်ယောက်ရဲ့ ကစားတာ ခံလိုက်ရလို့ အားပေးကြတာ...
သူကတော့ အဲ့ဒီ့အကြောင်းကို ဘာမှ မပြောဘူး.. မေးလို့လဲ မရဘူး.. အစတောင် မခံဘူး..(နောက်တာကိုပြောတာမဟုတ်ပါ..)
စစချင်း ၄ယောက်ဘဲသွားမလို့.. နောက်မှ စမ်းချောင်းက သူငယ်ချင်း ၂ယောက်ကို သွားခေါ်လိုက်တယ်...

သူငယ်ချင်းနဲ့ အများကြီးပြောဖြစ်တယ်...
စစချင်း သူငယ်ချင်းရဲ့ အလုပ်ကိစ်စပြောဖြစ်တယ်..
သူကို အားလုံးက ၀ိုင်းနောက်နေကြတယ်... မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို အလုပ်သွင်းပေးပြီးတော့ ယောက်ျားလေးသူငယ်ချင်းတွေကို မသွင်းပေးလို့လေ.. သူ့မှာ ညီမလေးတစ်ယောက်ရှိသေးတယ်.. ကွန်ပြူတာကဘဲ... ကျနော်ကတောင် စနေသေးတယ်..

နောက် သူငယ်ချင်းတစ်ယောက်ကတော့ ရီးစားနဲ့ ရှေ့စာလုံးချင်းတူနေလို့ အိမ်က သဘောမတူတာရယ်.. နိုင်ငံခြားသွားဖို့ စာပြန်ဖတ်ဖို့ရယ်ပြောကြတယ်..

အဓိက ကိစ်စကတော့ ကောင်မလေးတစ်ယောက်ရဲ့ကစားခြင်းခံလိုက်ရတဲ့ သူငယ်ချင်း ကို အားပေးမလို့ပါ.. သူဘာပြောမလဲရယ် သူပြောတာရယ်နားထောင်ပေးမလို့ပါ...

သူငယ်ချင်းတစ်ယောက်ကို ကျနော် က ပထမဆုံး လုပ်တဲ့ပစ်စည်းနမူနာ လက်ဆောင်ပေးလိုက်တယ်...

ရီစရာပြောရအုံးမယ်..
နောက် ၂ယောက်ကိုသွားခေါ်တာ.. ကားထဲပြန်အ၀င်မှာ ညမှောင်တာဘဲလား မျက်လုံးဘဲပြာတာ ဘဲလားမသိ.. ကျနော် ကားတံခါးနဲ့ ဆောင့်မိတယ်.. ကိုယ်က အားနဲ့ ပစ်ဝင်လိုက်တာဆိုတော့ အာလူးသီးထသွားတယ်.. တော်တော့်ကို ဖုသွားတယ်.. သွေးတောင်ထွက်တယ်.. (ဆံပင်နဲ့ ဦးရေပွန်းသွားလို့ပါ..) ကျနော်ဆို ခေါင်းအပြင်မှာများကျန်ခဲ့သလားလို့တောင်ထင်မိတယ်..

ဟာသတွေအများကြီးပြောဖြစ်တယ်..

၆ယောက်မှာ ၃ယောက်က ဘီယာသောက်ပြီး ၃ယောက်က ကိုလာ(စတား) ကျတော်က စတားပါ..(ယုံလားဟင်)
ကျနော်ကို စကားသောက်ပြီးရစ်နေလို့.. မင်းမူးနေပြီကွာဆို နောက်နေကြသေးတယ်...

သူငယ်ချင်းတစ်ယောက်ကိုဝိုင်းစတယ်.. ညခြောက်နာရီကနေ ၁၂နာရီအထိ ဘီယာ တခွက်နဲ့ ဘောပွဲသွားကြည့်လို့ အားလုံးဝိုင်းရီနေကြသေးတယ်..သူက နောက်တစ်ယောက်ကိုပြန်ဖွတယ်..သူလည်းသွားတယ်တဲ့.. အဲ့ဒီ့တော့ သူကလည်း ငါဘီယာဆိုင်သွားတာ မဟုတ်ပါဘူးတဲ့.. ကစွန်းပလိန်းသွားစားတာပါတဲ့.. လက်ဘက်ရည်ဆိုင်မှာ ကစွန်းပလိန်းရှာမရလို့ ဘီယာဆိုင်ရောက်သွားတာပါတဲ့.. ဟားဟားဟား...

ဒီလိုအားရပါးရ မရီရတာကြာပြီ..

ကောင်မလေးကိုရီပို့လုပ်ရတဲ့ကောင်လေးကို ၀ိုင်းဒုက်ခပေးလိုက်သေးတယ်..

၁၁နာရီလောက်လဲကျရော သူ့ကောင်မလေးက ဖုန်းဆက်လာတယ်.. ကျနော်က(ကျနော်နဲ့လည်းခင်လို့ပါ..) နောက်လိုက်တယ်. နောက်ပြီးတော့မှ ကျနော်သတိရတယ်.. သူ့ကောင်မလေးက ကျနော်မူးပြီးရစ်နေတယ်ထင်နေအုံးမယ်.. ဆိုပြီး ဘရိတ်အုပ်လိုက်ရတယ်.. သူ့ကိုဖုန်းပေးလိုက်တယ်.. (တကယ်ထင်သွားတယ်လိုဘဲ) နောက်ကျနော့်ဆီဖုန်းပြန်ရောက်လာတယ်..

မသိဘူးဗျာ.. စိတ်မကောင်းဘူး.. သူက ကျနော့်ကို နဲနဲရိချင်တယ်.. ဖုန်းထဲမှာ ကျနော်က အားနာလို့ သူငယ်ချင်းကိုလည်းငဲ့ရသေးတယ်.. သူက သိပ်ပျော်နေကြတယ်လားတဲ့ မနာလိုဘူးတဲ့.. သူ့ကိုလာခေါ်တာမဟုတ်ဘူးတဲ့.. နောက်မိန်းကလေးမပါလို့တဲ့.. ကျနော်ရီနေလိုက်တယ်..

အားလုံးအခက်အခဲတွေကို မရှ့က်မကြောက်ဖွင့်ပြောကြတယ်... ဒါပေမယ့် ကောင်မလေးရဲ့ အသည်းကစားခံလိုက်ရတဲ့ ကောင်လေးက ဘာမှမဟဘူး.. တော်တော့်ကိုခံစားသွားရတယ်နဲ့တူတယ.်... ဆိုးတယ်ဗျာ..

သေနတ်..

မြန်မာနိုင်ငံမှာ အမ်၁၆ မှာသုံးတဲ့ ကျည်အရွယ် 5.56 မီလီ ကျည်ထိပ်ဖူးနဲ့ သေနတ် အသစ် ထုတ်တယ်ဖတ်ရပါတယ်..

မအောင်မြင်သေးပါဘူး.. သုံးတဲ့အခါမှာ ပူတယ်ပြောပါတယ်..

ကျနော်စဉ်းစားတယ်.. ဂျီ ၃.. ၄.. တွေက 7.62 မီလီ ကျည်ထိပ်သုံးတယ်.. ကျည်အားကောင်းတယ်.. လေးတယ်.. အေကေ၄၇ လည်း ဒီကျည်ဘဲသုံးတယ်..

အေကေ၄၇ က ထုတ်ရလွယ်တယ်.. ဒါပေမယ့် ကျည်လမ်းကြောင်းသိပ်မမှန်ဘူး.. ပစ်အားကောင်းတယ်.. ဈေးပေါတယ်.. လူများတဲ့ စစ်တပ်မှာ အသုံးတည့်တယ်.. အရင်က ဆိုဗီယက် တရုတ်နဲ့ မြောက်ကိုရီးယား မှာသုံးတယ်.. အခုပေါလို့ အကြမ်းဖက်သမားတွေသုံးတယ်..

ထုတ်တာလွယ်လွန်းလို့ (စက်မပါဘဲနဲ့..) လက်နဲ့တောင် ထုတ်လို့ရတယ်.. စစ်အေးခေတ်တုန်းက ဆိုဗီယက်က အလကားပေးလိုက်တာ.. မိတ်ဘက်နိုင်ငံနဲ့ ခင်တဲ့နိုင်ငံတိုင်းက ထုတ်တတ်တယ်.. ကျနော်တို့မြန်မာနိုင်ငံအတွက် တော်တော်ကောင်းမယ်နဲ့တူတယ်.. လက်တွေ့ အသုံးတည့်တာ သေချာတယ်လေ.. စမ်းသပ်ပြီးထား... ပြီးတော့ ကျည်အဟောင်းတွေ ဆက်သုံးလို့ရတယ်.. ဒါပေမယ့် ခေတ်တော့ နောက်ကျနေပြီပေါ့..

အမ်16က ပစ်အား အေကေ47ထက်ပိုကောင်းတည် ကျည်လမ်းကြောင်း အရမ်းမှန်တယ်.. ကျည်အားက သိပ်မကောင်းဘူး.. ဒါပေမယ့် အနီးကပ်တိုက်အတွက် လုံလောက်တယ်..

အေကေ47 ကဘယ်လောက်ကောင်းပြီးတော့ နံမည်ကြီးသလဲဆိုတော့ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေ အမ်16နဲ့ချတာ တော်တော်အထိနာသွားတယ်.. ဗီယက်နမ်က ဗွက်တွေ ထဲမှာ သေနတ်က ဂျမ်းဖြစ်တာကိုး.. နောက် အဲ့ဒီ့တုန်းက အမ်16 က ယမ်းသိပ်မကောင်းဘူးပြောတယ်.. အေကေ47က စင်ပေါ်ကဘဲ.. အမေရိကန်တွေဆို ရန်သူရဲ့အေကေ47ကို ကောက်ပြီးစစ်တိုက်တယ်လို့ ပြောကြတယ်.. အီရတ်စစ်ပွဲမှာလည်း သဲထဲမှာဆိုတော့ အမ်16က ဒုက်ခပေးတယ်.. အေကေ 47က စင်ပေါ်ကဘဲ..

ဒါပေမယ့် ခေတ်သစ် စစ်ပွဲမှာ သေနတ် ပေါ့ပါးမှုနဲ့ ကျည်သေးမှုက တကယ်စစ်တိုက်ရာမှာ သယ်ရတဲ့ ကျည်ကပ်အလေးချိန်ပါ သက်သာစေတယ်.. နောက် 5.56 မီလီတွေက ကျည်လည်ပြီးထွက်သွားတဲ့အတွက် ရတဲ့ဒဏ်ရာကိုပိုကြီးစေပြီး ပိုအဆိပ်ဖြစ်စေတယ်.. (ပိုးဝင်လို့ ပိုလွယ်တယ်..) ဒါကြောင့် ပြောင်းသုံးကြတာ များတယ်..

အေကေ 74 ဆိုတာ ပုံစံသစ် .. 47နဲ့ အပြင်ပုံကလွဲပြီး အလုပ်လုပ်ပုံမတူဘူး.. သူက အမ်16လိုဘဲ 5.56မီလီဘဲ..

တရုတ်က အသစ်ထုတ်တဲ့သေနတ်.. @#$-95(မသိလို့) ဆိုရင် 5.8မီလီ.. သူက ပိုကောင်းတယ်ပြောကြတယ်..

သူက 5.56 နဲ့ 7.92 ကြားထဲမှာ ၂ခုလုံးရဲ့ အားသာချက်ကိုရယူထားတယ်လို့ဆိုတယ်..

တရုတ်စစ်လက်နက်ကုမ်ပဏီ နော်ရင်ကိုကထုတ်တာ..

Friday, October 06, 2006

ငယ်ငယ်တုန်းက


၁တန်းမှာ ကျောင်းကားပျောက်ဖူးတယ်..

အမေက ကျောင်းလိုက်မပို့နိုင်လို့ ကျောင်းကားထားပေးတယ်.. ပေါင်မုန့်ကားအပြာလေး..
အဲ့ဒီ့ကားက ၂စီးရှိတယ်.. (ပြောပြရမယ်.. ကျနော်လူမှတ်တာ သိပ်ညံ့တာ.. အရင်ကရီးစားတောင်ဘယ်ပုံလဲ မသိတော့ဘူး.. သူများတွေ မျက်စိမှိတ်ရင် ပုံပေါ်တယ်..ကျနော်က ကြိုက်တုန်းကတောင် ပုံမပေါ်ဘူး.. စိတ်လေတယ်.. ရုပ်ကြည့်ကြိုက်တာမှ မဟုတ်တာလို့ စိတ်ထဲထားလိုက်ပါတယ်.. )

ကား၂စီးမှာ ဘယ်ကားက မြို့ထဲဆင်းလဲ ကျနော်မသိ.. လာခေါ်တော့ အဆင်ပြေတယ်.. အပြန်မှာ ကျနော် လူတစ်ယောက်ကိုမှတ်ထားတယ်... သူ့ ကျောပိုးအိတ်နဲ့ ခြင်းထောင်းနဲ့..(သူက အဆဲတော်လို့ ကျနော်မှတ်မိတယ်.. အဲ့ဒီ့တုန်းက အားကျဖူးတယ်.. တော်တော်ဆဲနိုင်တာ) အဲ့ဒါနဲ့ အဆင်ပြေနေတုန်းဘဲ..

အဲ့ဒီ့နေ့က သူကျောင်းမတက်ဘူး.. ကျောင်းက ၂စီးကလည်း အဝေးကြီးမှာရပ်တယ်.. ကျနော်ကလည်း ရှက်လို့ ကားဆရာကိုမမေးရဲဘူး.. ကား၂စီးကြားထဲ ဟိုသွားဒီသွားနဲ့.. နောက်တော့ ၂စီးလုံးဘယ်တုန်းကပျောက်သွားမှန်းမသိဘူး.. ကျနော်က သိတဲ့သူများရှိမလားလို့ရှာနေတာ.. နောက် အကြီးတန်းတွေက နောက်မှဆင်းတော့ ကျနော်ရှာရင်းနဲ့ပျောက်သွားတယ်..

ကျနော်ဆိုငိုမဲငိုမဲ့နဲ့ပေါ့.. အငယ်တန်းက ၄နာရီခွဲကတည်းကဆင်းတာ.. ကျနော် ၅နာရီခွဲလောက်ဆို တော်တော်စိတ်ဓါတ်ကျနေပြီ.. ကားတွေလည်းရှင်းနေပြီ.. ကျနော်လည်းငိုချင်နေပြီ..

အဲ့ဒီ့မှာ မော်တော်ပီကယ်..(အဲ့ဒီ့တစ်ယောက် က ကျနော် ၈တန်း ၁၀တန်းလောက်အထိတွေ့တယ်..) ဦးလေးကြီး အရမ်းသဘောကောင်းတယ်.. ကျနော့်ကို လိပ်စာမေးပြီး လေးဘီးပေါ်တင်ပေးလိုက်တယ်..
ကျနော် အဲ့ဒီ့ မော်တော်ပီကယ်ကို သိပ်ချစ်မိတယ်.. ကျနော်က သူကူညီတာကိုမှတ်မိတာကိုး... နောက်တော့မှ သိတယ်.. အမေက လေးဘီးဆရာကို ပိုက်ဆံပေးရတယ်တဲ့.. ကျနော်က မော်တော်ပီကယ်ပို့ခိုင်းလို့ အလကား ပို့ပေးတယ်မှတ်နေတာ... ဒါလည်းမဆိုးပါဘူး.. နောက်တော့ ကိုယ်တိုင်ဘက်စ်ကားစီးတတ်သွားတယ်.. ၂တန်းဆို ကိုယ့်ကိုယ်သွားပြန်လုပ်တယ်.. စာအုပ်တော်တော်လေးတယ်.. (ကျောင်းဖတ်စာအုပ် ၂စုံရှိရင် အလေးကြီးသယ်သွားသယ်လာ မလုပ်ရတော့ဘူး.. )

(ကလေးကို တက်ဆီငှားတတ်အောင်ငယ်ငယ်တည်းက သင်ပေးကြပါ..ငှားပြီးရင် အိမ်ကို ကားနံပါတ်နဲ့ဖုန်းဆက်အကြောင်းကြားတတ်အောင်ပါ သင်ပေးကြပေါ့..)

Wednesday, October 04, 2006

ချစ်သူ

ချစ်သူတစ်ယောက်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့အိမ်သုံးပစ္စည်းမဟုတ်ပါ..
ဝယ်လို့ရတဲ့ အရာလည်းမဟုတ်ပါ..
လူတိုင်းမှာရှိနိုင်ပေမယ့် လူတိုင်းမှာ ရှိသင့်တဲ့အရာလည်းမဟုတ်ပါ..
ရှိတဲ့သူတိုင်းကလည်း အစစ်ဟုတ်မဟုတ် စဉ်းစား သတိထားတဲ့အရာတစ်ခုပေါ့..

ချစ်သူဆိုတာ မရှိလည်း ဘ၀ဟာ ရှင်သန်နေမှာဘဲ..
ကောင်းကင်မှာ နေရယ် လရယ် ရှိနေသေးတာဘဲ..
ကိုယ့်ဘေးမှာ မင်းမရှိလဲ သိပ်မထူးခြားသွားပါဘူး..

ချစ်သူဆိုတာ လူတိုင်းလိုချင်တဲ့အရာတစ်ခုပေါ့..
ဝယ်လိုအားများလာတဲ့အတွက် ကျနော် မ၀ယ်နိုင်ပါ..
ဈေးတော့ သိပ်မကြီးပါဘူး.. အချိန်ရယ် ရိုးသားပွင့်လင်းမှုရယ်.. နောက် ဟန်ဆောင်လိမ်လည်မှု ရယ်ကို ပေါင်းစပ်တတ်ရပါမယ်...

ချစ်သူဆိုတာ ကျနော့်မှာ မရှိတဲ့အရာတစ်ခုပေါ့..
နဲနဲချဉ်ပါတယ်..
ကျနော်မမှီလို့ပါ...

ချစ်သူဆိုတာ တချိန်ကျရင် ပြောင်းသွား ပျောက်သွားမယ့် ရေခဲတစ်တုံးပါဘဲ..
ကြည်လင် လှပတယ်လို့ မြင်သလား..
ဒါမှ မဟုတ် အေးချမ်းတယ်လို့မြင်မလား..
အေးစက် လေးလံတယ်လို့မြင်မလား..
ဘာဘဲဖြစ်ဖြစ် တချိန်ကျရင် ပျောက်သွားမှာဘဲ..

ချစ်သူဟာ အလှဆင်ပစ္စည်းမဟုတ်ပါ..
ကိုယ်မှာ ၀တ်ဆင်ကြွားဝါတဲ့ အဆင်တန်ဆာမဟုတ်ပါ..
အသုံးချတတ်သူများကတော့ အသုံးချကြပါတယ်..
အသုံးမချတတ်သူများကတော့ ဒီလိုဘဲကိုင်ထားကြတယ်..
ဒါကြောင့် ရွှေလို့မြင်လိုက်ပါ.. ဆိုင်ပေါ်တော့တင်လို့မရဘူးပေါ့..
ပြန်ရောင်းချင်ရင်တော့ ပွဲစားကောင်းကောင်းလိုတယ်..


ချစ်သူဟာ စွန့်ပစ်ရန် လွယ်ကူတဲ့အရာ မဟုတ်ပါ..
ရီဆိုင်ကယ် လုပ်လို့ရတယ်..
လိုချင်သူများတယ်..
ဝယ်လိုအားများတယ်..
ကျနော်ဒီလို တန်ဖိုးရှိပစ္စည်းတစ်ခုကို မတတ်နိုင်ပါ..

Tuesday, October 03, 2006

ငယ်ငယ်တုန်းက..

ကျနော် ငယ်ငယ်တုန်းကသူငယ်တန်း ၂ခါတက်ရတယ်.. မူကြို ထုတ်ခံရပြီးတဲ့နောက်မှာ သူငယ်တန်းကို ၁၆ လမ်းက မူလတန်းကျောင်းမှာ တက်ရတယ်.. ကျနော် က ၄နှစ်ဘဲရှိသေးတာလေ.. အဖေ့သူငယ်ချင်းရဲ့သမီး ၆နှစ်နဲ့ အတန်းတူဘဲ.. သူ့ကို ဘဲဥမလို့ခေါ်တယ်.. တော်တော့်ကို စွာတာ..
ကျနော့်ကို အိမ်က ခဲတံ ၁ချောင်းဘဲ ထည့်ပေးတာ မှတ်မိတယ်.. အကုန်ပျောက်လို့လေ.. ကျနော်က ပြန်ဖို့ချည်း လောနေတာကိုး.. ပေတံက သစ်သားပေတံ.. ကော်ပေတံလိုချင်လို့ ပူဆာတာ ကျိုးမှာစိုးလို့တဲ့ မပေးဘူး..
အဲ့ဒီ့ ဘဲဥမ က ကျနော့်ကို ဆိတ်ဆွဲတယ်.. နားရွက်ဆွဲတယ်.. နောက် ရေဘူးကို အပြင်လွှင့်ပစ်တယ်.. ကျနော်က အပြင်မထွက်ရဲဘူး.. ကောက်လို့လည်းမရဲဘူး.. အပြင်က လူတစ်ယောက် ကောက်ပေးမလားမျှော်နေရတယ်.. အဲ့ဒီ့တုန်းက တော်တော်စိတ်ညစ်ဖို့ကောင်းတယ်.. အပြင်ကိုဘဲ ငေးကြည့်ပြီးတော့ တစ်ယောက်ယောက်ရီပြရင် ကောက်ခိုင်းမလို့လေ.. ကျနော့် ရေဘူးကို တစ်ခါဘဲ ကောက်ပေးတဲ့သူရှိတယ်.. ကျန်တဲ့အခေါက်တွေ ဆို ပျောက်သွားတယ်ဘဲ အိမ်ကို ပြောမိတယ်.. အမြဲအဆူခံရတယ်..
အမှတ်တရအဖြစ်ဆုံးက ကျနော် ကျောင်းမှာ ဖင်ချွတ် မတ်တပ်ရပ်ရတယ်.. ဘာကြောင့်လဲ မသိတော့ပါ.. ဒါကတော့ မှတ်မှတ်ရရဘဲ..

နောက် မောင်ထော်လေးလမ်း အပေါ်လမ်းက ကုလားကျောင်းရောက်သွားတယ်.. (ဒဂုံ၁ ကျောင်းဝင်ခွင့် လိုက်နေတုန်းလေ..) အကုန်လုံး မဲမဲ တွေ ထဲမှာ ကျနော်တယောက်တည်း နဲနဲဖြူတယ်.. ( ကျနော့်ကို အိမ်မှာ ကုလားလေးလို့ ခေါ်တယ်.. ငယ်ငယ်က ဘားလမ်းဆေးရုံမှာမွေးတာကိုး.. အမေက အရေးပေါ် နီးနီး နားနား ကိုသွားတာလိုဘဲ.. အဘွားက ကုလားလေးလို့ခေါ်တယ်.. ကလေးမှားလာတာတဲ့.. ငယ်ငယ်က မည်းတယ်လေ..)
နောက်တော့ ဒဂုံ ၁ ရောက်သွားတယ်.. အဲ့ဒီ့ကျောင်းမှာ၁လလောက်ဘဲ ကြာတယ်လိုဘဲ..

ကျနော် သူငယ်တန်းတုန်းက ဘီအတန်းလေ.. ဒေါ်မေမေကျင် အခန်းပေါ့.. အိမ်သာ တချိန် ၁ယောက်ဘဲ သွားရတယ်.. အပြင်ထွက်ခွင့်ကဒ်ပြားတွေနဲ့ပေါ့.. ကျားက ၁ယောက် မဆို ၂ယောက်ရတယ်..(မတရားတာ) ကျနော် ကျောင်းစတက်တော့ မိန်းကလေးတစ်ယောက်နဲ့ ဘေးချင်းကပ် ထိုင်ရတယ်.. နံမည်က လှိုင်မေပွင့်ဖြူတဲ့ သူကတော်တော် အနိုင်ကျင့်တယ်.. ငိုလည်းငိုတတ်တယ်.. ခုံကို စည်းခြားပြီးတော့ မကျော်နဲ့တဲ့.. နောက် ကျနော့်ကို ဆိတ်တယ်.. ကျနော်က ပေတံနဲ ငါရိုက်လိုက်ရ ဆို ရွယ်ရုံရှိသေးတယ်.. ဆရာမကို အော်တိုင်လို့ ခုံပေါ်မတ်တပ်ရပ်ရတယ်..

အိမ်သာသွားတာ ကြာလို့ မိဘ ခေါ်ခံထိသေးတယ်.. ကျနော့် ဖိနပ် ကေဂျီဆောင် (ပထပ်) က ပြုတ်ကျလို့ အောက်ဆင်းကောက်ရတယ်.. ပြန်လာတော့ ဆရာမက မေးတယ်.. ဘာလို့ကြာတာလဲတဲ့.. ကျနော်က ဖြေတယ်.. ဖိနပ်လေထဲလွင့်သွားလို့ ကောက်တာပါ.. ဆရာမက ဖိနပ် ကလေတိုက်ရင် လွင့်မလားတဲ့..
သူငယ်တန်းမှာ အစ်ကို တ၀မ်းကွဲနဲ့ အတန်းတူတယ်.. သေချာမှတ်မိတာက ဆရာမကိုစကားပြောရင် ပါးစပ်ပေါ်လက်ညှိုးတင်ပြီးပြောရတယ်.. ၂ယောက်တတွဲလက်တွဲပြီး ဆင်းရတယ်..
လှေကားဝက ဆရာမတွေထိုင်တဲ့နေရာမှတ်မိသေးတယ်..

ပထမတန်းက ဒေါ်ပပ နဲ့ ..
ဆရာမ က ပိန်ပိန်လေး...
ကျနော်က ဆိုးနေပြီ.. အနိုင်ကျင့်မခံတော့ဘူး.. ကျနော့်ကို(မိုက်ကန်းကန်းရုပ်ကြောင့်) အနီအသင်း နံပါတ်၂ ပေးတယ်.. (ကျနော် ကျောင်းမှာ အ၀ါနဲ့အနီဘဲ ရတယ်.. အပြာကိုမုန်း.. အစိမ်းကို မကြိုက်ပါ) အပြာက ညစ်ပတ်တယ်လို့ထင်လို့.. နောက် အိမ်သာကဒ်က အစိမ်းနဲ့ အပြာလေ.. အစိမ်းက ယောက်ျားလေး. အပြာက မိန်းကလေး..
အပြာအသင်း နံပါတ် ၁က မင်းစိုး.. တော်တော်ဝတယ် (၁တန်းတုန်းကပါ) သူများမြှောက်ပေးတာ နဲ့ သူနဲ့ရန်ဖြစ်တယ်.. သူစောင့်တွန်းလိုက်တာ ကျနော် နံရံ ကို ကျော်နဲ့ စောင့်မိတယ်.. နာသွားတာဘဲ.. ကျနော် ပြန်ကိုက်မလို့ သွားတာ့ ၅တန်းက အကိုကြီးက ရန်မဖြစ်ဖို့ ဆုံးမတယ်.. ဒါနဲ့ ဟန်ကိုယ်ဖို့ နေလိုက်တယ်..
အတူထိုင်တာ မြတ်ထွန်း.. ကျနော်နဲ့ သူနဲ့ ကြာဆံကြော် မုန့်စားဆင်းတိုင်းဝယ်စားတယ်.. ၁ပွဲ ၁ကျပ်လေ..
အဲ့ဒီ့တုန်းက မြတ်ထွန်းက နဲနဲပုတယ်.. အခုတော့ တော်တော်ရှည်နေပြီ(အရပ်).. ကျနော့်ထက်တောင်အရပ်ရှည်မလားဘဲ..
အဲ့ဒီ့တုန်းက ရွှေဝတ်ရည်က ဆရာမနဲ့ ခင်တယ်..ကျောင်းမှာ နံမည်မှတ်ရတယ်.. စကားပြောရင် မှတ်.. ပြီးရင် ရိုက်တယ်.. မိန်းကလေးတွေ မှတ်တာ များတယ်.. သူတို့ကျတော့ ပြောပြီးတော့ ကျနော်တို့ မှောက်အိပ်နေတာကို မှတ်တယ်.. (အချို့က မှောက်အိပ်ရင်းနဲ့ ပြောတာကိုး..) မရရအောင်ပြောကြတာ..
အတန်းထဲမှ နံမည်ကြီးတဲ့ မိန်းကလေးက ဆူးလေဖြူကျော်.. တော်တော် ဖြူတယ်.. ဘိုဆန်ဆန်နဲ့ ချောတယ်.. သူငယ်ချင်း ခိုင်ခိုင်မြင့် အခု အမေရိကန်မှာလိုဘဲ.. အဲ့ဒီ့တုန်းက လက်ရေးလှ နံမည်ကြီးပေါ့..
သူငယ်တန်းရော ၁တန်းရော တူတယ်..
လက်ညောင်းသွားပြီ..